ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

00:00
00:00

Episode's summary

- ကမ္ဘာတဝန်း ထိခိုက် ပြတ်တောက်မှုတွေ ဖြစ်ခဲ့တဲ့ မိုက်ခရိုဆော့ဖ် အင်တာနက်ဝန်ဆောင်မှု နောက်ဆုံးအခြေအနေ - တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသတွေမှာ နယ်စပ် ကုန်သွယ်ရေးဂိတ်တွေ ပြန်ပွင့် - ရန်ကုန်က အိမ်ခြံမြေ ဝယ်သူ၊ ရောင်းသူနဲ့ အကျိုးဆောင်တွေကို (စသုံးလုံး) က နေပြည်တော်အထိ ခေါ်ယူ စစ်ဆေးမှုတွေ လုပ်နေ - ဆေးကုသခွင့် လိုင်စင်မရှိဘဲ တိုင်းရင်းဆေး ကုနေကြတဲ့ ရွှေလက် ဒေါ်ခင်စန်းရီနဲ့ သရုပ်ဆောင် ထူးခန့်ကျော်တို့ကို ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုက ဒေါက်တာဘွဲ့ ပေးခဲ့တဲ့အတွက် ဝေဖန်မှုတွေပေါ်ထွက် - ဘာရိန်းမှာရှိတဲ့ အမေရိကန် ကြိုတင်သတိပေး ရေဒါအချက်ပြ စနစ်တစ်ခုကို ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့ အီရန်ပြော - အီရန်ရဲ့ ယူရေနီယမ် သန့်စင်ရေးစက်ရုံတစ်ခုနဲ့ ပတ်သက်လို့ IAEA က စိုးရိမ်မှုတွေ တိုးပွားလာနေ - မော်စကိုမှာ ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း ရုရှားမှာ ခိုလှုံနေပြီး သမ္မတပူတင်ကို ထောက်ခံသူ ယူကရိန်းလူမျိုးတစ်ဦး ဒဏ်ရာရခဲ့

Episodes

4041-

မိုက်ခရိုဆော့ဖ် အင်တာနက် ပြတ်တောက်သွားမှုတွေကြောင့် ကမ္ဘာတဝန်း ထိခိုက်မှုတွေ ဖြစ်ခဲ့

- ကမ္ဘာတဝန်း ထိခိုက် ပြတ်တောက်မှုတွေ ဖြစ်ခဲ့တဲ့ မိုက်ခရိုဆော့ဖ် အင်တာနက်ဝန်ဆောင်မှု နောက်ဆုံးအခြေအနေ - တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသတွေမှာ နယ်စပ် ကုန်သွယ်ရေးဂိတ်တွေ ပြန်ပွင့် - ရန်ကုန်က အိမ်ခြံမြေ ဝယ်သူ၊ ရောင်းသူနဲ့ အကျိုးဆောင်တွေကို (စသုံးလုံး) က နေပြည်တော်အထိ ခေါ်ယူ စစ်ဆေးမှုတွေ လုပ်နေ - ဆေးကုသခွင့် လိုင်စင်မရှိဘဲ တိုင်းရင်းဆေး ကုနေကြတဲ့ ရွှေလက် ဒေါ်ခင်စန်းရီနဲ့ သရုပ်ဆောင် ထူးခန့်ကျော်တို့ကို ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုက ဒေါက်တာဘွဲ့ ပေးခဲ့တဲ့အတွက် ဝေဖန်မှုတွေပေါ်ထွက် - ဘာရိန်းမှာရှိတဲ့ အမေရိကန် ကြိုတင်သတိပေး ရေဒါအချက်ပြ စနစ်တစ်ခုကို ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့ အီရန်ပြော - အီရန်ရဲ့ ယူရေနီယမ် သန့်စင်ရေးစက်ရုံတစ်ခုနဲ့ ပတ်သက်လို့ IAEA က စိုးရိမ်မှုတွေ တိုးပွားလာနေ - မော်စကိုမှာ ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း ရုရှားမှာ ခိုလှုံနေပြီး သမ္မတပူတင်ကို ထောက်ခံသူ ယူကရိန်းလူမျိုးတစ်ဦး ဒဏ်ရာရခဲ့

13 Nov 2026
4040-

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယ ဝန်ကြီးချုပ် ဆီဟာဆက်ရဲ့ နေပြည်တော် ခရီးစဉ်

- ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယ ဝန်ကြီးချုပ် ဆီဟာဆက်ရဲ့ နေပြည်တော် ခရီးစဉ် - ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ကျပ်ငွေ ဘီလီယံ ရှစ်ထောင်နီးပါး ခွင့်ပြုထားပေမဲ့ ဘီလျံ ၂၅၀၀ ကျော် ဖြည့်စွက်တောင်းခံခဲ့ - ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ CNG သဘာဝဓါတ်ငွေ့သုံး အငှားယာဉ်တွေ ရန်ကုန်တိုင်း စီတီးတက္ကစီအသင်း YCTA မှာ အသင်းဝင် မှတ်ပုံတင်ကြဖို့ ညွှန်ကြားချက်ထုတ် - အမေရိကန် အထူးကိုယ်စားလှယ် ဂျဲရက် ကုရှ်နာနဲ့ စတိဗ် ဝစ်ကော့ဖ် တို့ သမ္မတ ပူတင်နဲ့ တွေ့ဆုံနေ - N vidia ကုမ္ပဏီအကြီးအကဲရဲ့ အရှုပ်တော်ပုံဇာတ်လမ်း နောက်ဆက်တွဲ တရုတ်ရဲ့ တုန့်ပြန်မှု - စပိန်နိုင်ငံမှာ အိမ်ရာအကျပ်အတည်း ပြဿနာကို ကိုင်တွယ်ဖြေရှင်းရေး စီမံချက် အတော်များများကို စပိန် ပါလီမန် အမြဲတမ်း ကော်မတီ အတည်ပြု

12 Nov 2026
4039-

NLD သမ္မတဦးဝင်းမြင့် တကယ်မလွတ်မြောက်သေးဘူးဆိုပြီး ဗီဒီယိုလွှင့်ခဲ့တဲ့ ဂျာမနီသံရုံးယာယီတာဝန်ခံကို မြန်မာအစိုးရ ဆင့်ခေါ် သတိပေး

- စပိန်မှာ ၁၄ နှစ်အတွင်း ပထမဆုံး အထွေထွေ သပိတ်ကြီး ဆင်နွှဲ၊ နိုင်ငံတဝန်း လှုပ်ရှားလည်ပတ်မှုတွေ ထိခိုက်သွား - NLD သမ္မတ ဦးဝင်းမြင့် အမှန်တကယ် မလွတ်မြောက်သေးဘူး ဆိုပြီး ဗီဒီယို ထုတ်လွှင့်ခဲ့တဲ့ ဂျာမနီသံရုံး ယာယီတာဝန်ခံကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ် သတိပေး - ရှမ်းပြည်တောင်ပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုတွေ ဖြစ်နေ - မြန်မာနိုင်ငံမှာ ပလတ်စတစ် လျှော့ချနိုင်ရေး အခြေအနေ - မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဆန်းစစ်လေ့လာဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်မယ် - ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ယူကရိန်း၊ ရုရှားနဲ့ အမေရိကန် အကြား ၂ ရက်ကြာ ဆွေးနွေးပွဲ ပြီးဆုံး

11 Nov 2026
4038-

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ယူကရိန်း၊ ရုရှားနဲ့ အမေရိကန် အဘူဒါဘီမြို့မှာ ဆွေးနွေးနေ

- ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ယူကရိန်း၊ ရုရှားနဲ့ အမေရိကန် အဘူဒါဘီမြို့မှာ ဆွေးနွေးနေ - ရှမ်းမြောက်မှာ ကိုးကန့်တပ် MNDAA က နယ်မြေ ချဲ့ထွင်လာနေသလား - နိုင်ငံခြားငွေဘဏ်စာရင်းထဲမှာ ပို့ကုန်ရငွေ ထားရှိရမဲ့အချိန်ကို တစ်လအစား တစ်လခွဲအထိ ထားနိုင်တယ်ဆိုပြီး ဗဟိုဘဏ် ပြင်ဆင်သတ်မှတ် - ရန်ကုန် - မော်လမြိုင် ရထားပေါ်မှာ တားမြစ်ထားတဲ့ အာဖရိကငါးခူ ပိသာ ၄၀၀၀ နီးပါး ဖမ်းဆီးမိ - အီရန်ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်တစ်ခု ရှိခဲ့အပြီး အမေရိကန် ဆီဖြည့်လေယာဉ် အနည်းဆုံး ဆယ်စင်း အင်္ဂလန် လေတပ်စခန်းကနေ ထွက်ခွာသွားတယ်လို့ အတည်မပြုရသေးတဲ့ သတင်းတွေအရ သိရ - သူရဲဘောကြောင်မှု၊ ပုန်ကန်မှုတွေ အပါအဝင် စွဲချက်တွေနဲ့ ကွန်ဂိုစစ်သား အနည်းဆုံး ၆၆ ဦးကို ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ စစ်တရားရုံးက သေဒဏ်ချမှတ် - အကျဉ်းကျခံနေရတဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်းကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ကျခံဖို့ မလေးရှားတရားရုံး ခွင့်ပြုလိုက်

10 Nov 2026
4037-

NVIDIA အကြီးအကဲနဲ့ ဖောက်ပြန်နေတဲ့ အမျိုးသမီးကို သူလျှိုလုပ်ခိုင်းခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ တရုတ်ငြင်းဆို

- NVIDIA အမေရိကန်နည်းပညာကုမ္ပဏီ အကြီးအကဲနဲ့ ဖောက်ပြန်နေတဲ့ အမျိုးသမီးကို သူလျှိုလုပ်ခိုင်းခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ တရုတ်ငြင်းဆို - စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးမှာ တိုက်ပွဲ ပြင်းထန် - ထိုင်းရောက် အထောက်အထားမဲ့ မြန်မာတွေကို အထောက်အထား စီအိုင် လျှောက်ခွင့်ပြုထားပေမဲ့ နိုဝင်ဘာလဆန်း အထိ လျှောက်ထားသူ တစ်သောင်းခွဲကျော်သာ ရှိသေး - အမှုမှား ၃ ကြိမ်အထက် စီရင်တဲ့ တရားသူကြီးတွေကို အလုပ်ထုတ်မယ် - အိန္ဒိယကို ထွက်ပြေးနေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းက သူ့ကို နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ပန်ကြား - ဒီပါဝလီပွဲတော်မှာ မီးပန်းမဖောက်ဖို့ ညွှန်ကြားထားချက်ကို ဖီဆန်ပြီး မီးပန်းတွေ ဖောက်ခဲ့တဲ့အတွက် ဒေလီမြို့တော်မှာ မီးခိုးမြူထုကြီး ဖုံးလွှမ်းသွား

09 Nov 2026